Total Pageviews

Sep 28, 2010

"အကုန်ထအုံကြွ" မယ်ဆိုတဲ့ တောင်ကိုရီးယားက မျိုးချစ်မြန်မာများ



တောင်ကိုရီးယားမှ ထုတ်လုပ်ဖြန့် ချီမည့် “အကုန်ထအုံကြွ”တေးသီချင်းစီဒီကြော်ငြာ

  ကိုရီးယားနိုင်ငံရောက် မျိုးချစ်မြန်မာများအတူတကွ ပူးပေါင်းပြီးစီစဉ်တင်ဆက်ထားသည့် အကုန်ထအုံကြွဟုအမည်ပေးထားတဲ့ ပြည်သူ့ရင်ဖွင့်သံတေးစု(၂)တေးသီချင်းစီဒီကိုနအဖစစ်အုပ်စုရဲ့ ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် လာမည့် အောက်တိုဘာလ (၃)ရက် တနင်္ဂနွေနေ့တွင် စတင်ထုတ်ဝေ ဖြန့်ချီမည်ဟု စီစဉ်ထားကြောင်းသိရပါတယ် ။

        ထိုတေးသီချင်းစီဒီထဲတွင် တချိန်ကနာမည်ကြီးလူကြိုက်များပြီးအများပါးစပ်ဖျားဝယ် ရေပန်းစားခဲ့သည် မြန်မာ့ခေတ်ဟောင်းတေးသီချင်းများဖြစ်သည့်သုံးပန်လှ ၊ရိုင်းတဲ့စင်ယော်၊ ဥုံဖွ၊ ရွှေသုန္ဒရီ၊ လည်လည်သွားမယ်၊ မမပုသိမ်သူ၊ ရောင်ပေစူး၊ ရန်ကုန်သူ၊ အစရှိသည့်တေးသီချင်း(၈)ပုဒ်ရဲ့ တေးသွားသံစဉ်နှင့်အလိုက်ကိုယူပြီးအထူးသဖြင့် နအဖစစ်အုပ်စုရဲ့ ကလိမ်စေ့ငြမ်းဆင် လိမ်ညာလှည့်စား ထားပြီး မကြာခင်လပိုင်းအတွင်း ကျင်းပပြုလုပ်ရန် ပြင်ဆင်ထားသည့် ၂၀၁၀ ရွေးကောက်ပွဲကို ကန့်ကွက်ရှုတ်ချထားကာလှောင်ပြောင် သရော်ထားသည့် စာသားများဖြင့်ထည့်သွင်းကာ ပြန်လည် သီကုံးထားပြီး တင်ပြသီဆိုထားခြင်းဖြစ်ပါတယ်
   သီချင်းစာသားများကိုရဲနိုင်ဝင်း(ရွှေကျွန်း)မှ တကိုယ်တော်ပင်တိုင် ရေးသားသီကုံးထားပြီး ၊ တေးသီချင်း များကိုအာကြယ်၊၀င်းလှိုင်(နန်းတော်ရှေ့)နှင့် အာဗြဲတို့ကအထူးခံစား သီဆိုသရော်ထားကြပြီး တောင်ကိုရီးယားနိုင်ငံဆိုးလ်မြို့တော်ရှိ Sound 21စတူဒီယိုတွင် ခေတ်မီအသံဖမ်းစက်ကရိယာများဖြင့် အကောင်းဆုံးဖြစ်အောင် အသံသွင်းဖမ်းယူထားကြောင်းသိရပါတယ်။
  တေးရေးဆရာရဲနိုင်ဝင်း(ရွှေကျွန်း)နှင့်အဆိုရှင်များဖြစ်ကြသည့်အာကြယ်နှင့် အာဗြဲတို့အတွဲဟာ လွန်ခဲ့ သည့် ၂၀၀၇ ခုနှစ်ကလည်း ခြစားယို့ယွင်းမြန်မာ့ရှု့ခင်းလို့အမည်ရှိတဲ့ ပြည်သူ့ရင်ဖွင့်သံတေးစု(၁)ကို စတင်ထုတ်ဝေဖြန့်ချီခဲ့ပြီး နအဖစစ်အုပ်စုကိုအကွက်ကျကျအချက်ကျကျဖြင့် လှောင်ပြောင်သရော်ထားသည့် သူတို့ရဲ့တေးသီချင်းများသည် ကမ္ဘာအနှံအပြားရှိ မြန်မာနိုင်ငံသားများအတွင်းမှာ အောင်မြင်ကျော်ကြား ရေပန်းစားခဲ့သည့် တေးသီချင်းများအဖြစ် မှတ်တမ်းတင်ထားနိုင်သူများဖြစ်ခဲ့ပါတယ်၊
 ယခုတကြိမ် "အကုန်ထအုံကြွ" ပြည်သူ့ရင်ဖွင့်သံတေးစု(၂)အား စီဒီတစ်ချပ်လျှင်တောင်ကိုရီးယား နိုင်ငံအတွင်းမှာ ကိုရီးယားဝမ်(၅၀၀၀)နှုန်းဖြင့် ဖြန်ချီရောင်းချပေးမှာ ဖြစ်ပြီးကမ္ဘာအနှံအပြားမှာ ရောက်ရှိနေထိုင်နေကြသည့် မြန်မာနိုင်ငံသားများမှ အလိုရှိလျင် စီဒီတချပ်လျင် အမေရိကန်ဒေါ်လာ (၅)ဒေါ်လာ နှုန်းဖြင့် ရောင်းချပေးသွားမှာဖြစ်ပါတယ်၊ ပေးပို့ရမည့် နိုင်ငံအလိုက် စာတိုက်ပို့ခကြေးကို ထည့်ပေါင်းပေးဆောင်ရမည်မှာဖြစ်ပါတယ်၊ ရရှိလာမည့် အကျိုးအမြတ်အားလုံးကိုမြန်မာပြည်တွင်းရှိ မြန်မာပြည်သူများအကျိုးကို ဆောင်ရွက်နေသည့် လူမှုရေးအဖွဲ့အစည်းများအားပေးပို့လှုဒါန်းကူညီ သွားမှာ  ဖြစ်သည့်အတွက်ကြောင့် မြန်မာပြည်သူ ပြည်သားများအနေဖြင့် ၀ယ်ယူအားပေးခြင်းဖြင့် အတူတကွ ကုသိုလ်ပါဝင်ကြပါရန်လည်းတိုက်တွန်းနှိုးဆော်အပ်ပါတယ်
တောင်ကိုရီးယားနိုင်ငံရောက် မျိုးချစ်မြန်မာတွေစီစဉ်တာဆိုရင် သူများတွေနဲ့မတူတမူထူးခြားတတ်တာမို့ ကမ္ဘာအနှံအပြားက မြန်မာတို့အနေနဲယခု "အကုန်ထအုံကြွ" လို့အမည်ပေးထားသည့် တေးသီချင်းစီဒီကို အမြဲတမ်းနားဆင်ဖို့နှင့် အမှတ်တရသိမ်းဆည်းထားဖို့ စိတ်ဝင်စားတယ်ဆိုရင်တော့ ကိုရန်နိုင်ထွန်း (ဖုံးနံပါတ်+၈၂+၁၀-၈၇၂၃-၄၇၇၃)ကို အချိန်မရွေးဆက်သွယ်နိုင်ပြီး အီးမေလ်းအနေနဲ့ဆိုရင် yannainghtunkorea@gmail.comကိုစာရေးမှာကြားနိုင်သလို  "အကုန်ထအုံကြွ" ပြည်သူ့ရင်ဖွင့်သံ တေးစုနှင့်ပတ်သက်၍ အသေးစိတ် သိရှိလိုသူများအနေဖြင့် တေးရေးဆရာရဲနိုင်ဝင်း(ရွှေကျွှန်း) (ဖုံးနံပါတ်+၈၂+၁၀-၄၇၉၉-၄၃၂၂)နှင့် တေးသံရှင်ဝင်းလှိုင်(နန်းတော်ရှေ့) (ဖုံးနံပါတ်+၈၂+၁၀-၅၁၈၀- ၂၂၀၈) တို့ကိုလည်းဆက်သွယ် မေးမြန်းနိုင်ပါတယ်လို့ သိရှိရပါသည်၊

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Powered by Blogger