Total Pageviews

Oct 18, 2010

မှော်ဝင်ပန်းချီကားတစ်ချပ်


ကိုပေါ်ဦးထွန်း ရင်းနှီးသူတွေကတော့ ပေါ်ဦးလို့ခေါ်ကြတယ် ပြည်သူတွေကခေါ်တော့မင်းကိုနိုင် အောက်တိုဘာလ ၁၈ရက်နေ့ တနလာင်္နေ့မှာ ကျရောက်တဲ့ ၄၈ နှစ်မြောက်မွေးနေ့အတွက် အမှတ်တရ 

Oct 5, 2010

တွေးမိတာလေး ရေးကြည့်မယ် (၃)

ကျွိကနဲ ကားကို ထိုးရပ်လိုက်တယ်ဆိုရင်ပဲ ရဲ  သုံး လေးယောက် ကားဘေးကို ရောက်လာတယ်။ ခရီးသည် အားလုံး လက်ကိုင်အိတ် ပိုက်ဆံအိတ်တွေထဲက တချို့လည်း စာရွက်၊ တချို့လည်း ပိုက်ဆံလေး တွေ ထုတ်လိုက်ကြတယ်။
“လက်မှတ်ပါလား.. လက်မှတ်..” လို့ပြောလည်းပြော စစ်လည်းစစ်၊ ခရီးသည်တွေအားလုံးကို ဝေ့၀ဲ ကြည့်ရင်း ဆိုလိုက်တာက ရဲတွေပါ။ ပါတဲ့သူက ထုတ်ပြသလို မပါတဲ့သူကလည်း မျက်နှာခပ်ငယ်ငယ်ပေါ့။ ဒါ ပေမယ့် သိပ်ပူစရာတော့ မရှိပါဘူး..။
“လက်မှတ်မရှိ.. တရာ..တရာ”
လက်မှတ်မပါတဲ့ ခရီးသည် ၃ ယောက်လောက် ငွေ ၁၀၀ စီထုတ်ပေးလိုက်သလို မကျန်းမာတဲ့ ခပ်နွမ်း နွမ်း ကလေးအမေတယောက်ကတော့..

Oct 3, 2010

ရခိုင်ပြည်က ဇာတ်လမ်းတပုဒ်

ဇာတ်လမ်းအမည်။            ။ ရခိုင်ပြည်က ဇာတ်လမ်းတပုဒ်
ရည်ရွယ်ချက်။                            ။မြန်မာပြည်တွင် စစ်တပ်မှ မတရား ဖိနှိပ် အနိုင်ကျင့်နေမှုကို ထင်ရှား သိသာစေရန်။ မတရားမှုများ ကျဆင်းပပျောက်စေရန်။
ကြာမြင့်ချိန်။                               ။၃၀ မိနစ်ခန့် (ခန့်မှန်း)
ပါဝင်သူများ။                              ။စစ်ဗိုလ် ဗိုလ်သီဟ
                                             မစန္ဒာ (ကွမ်းယာသည်)
                                             မိုးကျော်သာ (မစန္ဒာ၏ ရည်းစား)
                                             ဒေါ်အေးသာ(မစန္ဒာ၏ မိခင်)
                                             ဒေါ်ကလျာ(မိုးကျော်သာ၏ မိခင်)
                                             ကြံ့ဖွတ်တဦး
                                             စစ်သား ၂ ဦးခန့်
                                             လူငယ် ၃ ဦးခန့်

Oct 2, 2010

မြန်မာနိုင်ငံတော်အစိုးရထံမှ ပညာသင်ထောက်ပံကြေး ရရှိခဲ့သော ဂျပန်ကျောင်းသူတစ်ဦး


ဂျပန်မှာမြန်မာစာပေစခဲ့တာက
 ဂျပန်နိုင်ငံမှာ ၁၉၄၁ ခုနှစ်ခန့်က မြန်မာစာပေနှင့် စကားသင်ကြားရေးကို ကောလိပ်အဆင့်ဖြင့် စတင်ခဲ့သည်၊ ၁၉၄၅ခုနှစ် ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးသွားပြီးတဲ့နောက် ထိုနှစ်ထဲမှာတွင် အိုဆာကာနိုင်ငံခြားဘာသာသင် သက္ကသိုလ်မှာ ၁၁ ဌာနမြောက်ဖြစ်တဲ့ သီးသန့်မြန်မာစာဌာနကို ဖွင့်လှစ်နိုင်ခဲ့ကြသည်၊ မြန်မာစာဌာနကို တည်ထောင်ဖွင့်လှစ်နိုင်ခဲ့ကြပေမယ့်လည်း မြန်မာစာသင်ကြား ပြသပေးနိုင်မည့် ဆရာက မရှိဖြစ်နေသည့် အတွက် မြန်မာစာအဓိကယူတဲ့ ကျောင်းသား၊ ကျောင်းသူတွေဟာ ဟိန္ဒူဘာသာကိုသာ သင်ယူကြရသည်။ မြန်မာစာဌာနအတွက် ဆရာကို ဂျပန်နိုင်ငံ အနှံ့ရှာဖွေပေမယ့်လည်း မတွေ့ရှိသောကြောင့် တိုကျိုသက္ကသိုလ် မှ မြန်မာစာအသင့်အတင့်တတ်သည့် ဆရာကာဝါဆာကီစံကို ဌာနမှူးခန့်အပ်ခဲ့သော်လည်း အောင်မြင်မူမရှိခဲ့ပေ အဲဒီနောက် ဆရာဟရဒနှင့် ဆရာဟတိုရီတို့ ရောက်ရှိလာခဲ့သည်. ဆရာဟတိုရီမှာ          ဒုတိယကမ္ဘာစစ်အတွင်းက မြန်မာပြည်သို့ ရောက်ရှိခဲ့ဖူးသူ တစ်ဦးဖြစ်ပြီး အင်္ဂလိပ်ဘာသာပြန် အဖြစ်လုပ်ရင်း ဆရာကြီးဦးဖိုးလှထံတွင် တပည့်ခံကာ မြန်မာစာပေနှင့်စကားကို လေ့လာသင်ယူခဲ့ဖူး သူဖြစ်သည်၊ စစ်အတွင်း အသက်မသေဘဲ ဂျပန်ပြန်ရောက်လာသည်မှာ ကံကောင်းလှသည်။

Oct 1, 2010

ဗြိတိန် လေဘာပါတီညီလာခံမှာ ပြောကြားသွားတဲ့ မဝေနှင်းပွင့်သုန် ရဲ့ ခံစားချက်စကား

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်နဲ့  ပြတ်ပြတ်သားသား ပြောဆိုဝေဖန်ရဲတဲ့ ဒီလို မျိုးဆက်သစ်တွေ သိပ်လိုအပ်နေပါပြီ...

မဝေနှင်းပွင့်သုန်ရဲ့ Speech မြန်မာဘာသာပြန်.....
ကျွန်မအဖေကို ကျွန်မ ပထမဦးဆုံး မြင်တွေ့ဖူးတာကတော့ သံတိုင်တွေကြားကတဆင့် မြင်တွေ့ရတဲ့ အကျဉ်းထောင်ထဲက အခန်းလေးထဲမှာ ဖြစ်ပါတယ်။ ကျွန်မက ၄ နှစ်ပဲ ရှိပါသေးတယ်။ သူဟာ သူ့ရဲ့ ၁၉၈၈ ခုမှာ စစ်အာဏာရှင်စနစ် ဆန့်ကျင်တဲ့ အရေးတော်ပုံမှာ ပါဝင်လှုပ်ရှားခဲ့မှုကြောင့် အကျဉ်းကျခဲ့ပါတယ်။

Sep 28, 2010

ဒုက္ခသည်စခန်းမှ မိသားစုဝင်တချို့ ဂျပန်ရောက်ပြီ

ဂျပန်အစိုးရနှင့် နိုင်ငံတကာရွှေ့ပြောင်းနေထိုင်ရေးအဖွဲ့ (IOM)တို့၏ စီစဉ်ဆောင်ရွက်ပေးမှုဖြင့် တတိယနိုင်ငံ(ဂျပန်)တွင် အခြေချနေထိုင်ခွင့်ရသော ထိုင်း-မြန်မာ နယ်စပ်ဒုက္ခသည်စခန်းမှ မိသားစု ၅ စု (လူဦးရေစုစုပေါင်း ၂၇ ဦး) အနက် အိမ်ထောင်စု ၃ စု (လူဦးရေ ၁၈ ဦးသာ)ဂျပန်နိုင်ငံသို့ ပထမဦးဆုံး အသုတ်အနေဖြင့် ယနေ့နံနက် ၇:၁၀ မိနစ်တွင် JAL လေကြောင်းလိုင်းဖြင့် ရောက်ရှိလာပြီ်ဖြစ်ကြောင်း သိရှိရသည်။

"အကုန်ထအုံကြွ" မယ်ဆိုတဲ့ တောင်ကိုရီးယားက မျိုးချစ်မြန်မာများ



တောင်ကိုရီးယားမှ ထုတ်လုပ်ဖြန့် ချီမည့် “အကုန်ထအုံကြွ”တေးသီချင်းစီဒီကြော်ငြာ

  ကိုရီးယားနိုင်ငံရောက် မျိုးချစ်မြန်မာများအတူတကွ ပူးပေါင်းပြီးစီစဉ်တင်ဆက်ထားသည့် အကုန်ထအုံကြွဟုအမည်ပေးထားတဲ့ ပြည်သူ့ရင်ဖွင့်သံတေးစု(၂)တေးသီချင်းစီဒီကိုနအဖစစ်အုပ်စုရဲ့ ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် လာမည့် အောက်တိုဘာလ (၃)ရက် တနင်္ဂနွေနေ့တွင် စတင်ထုတ်ဝေ ဖြန့်ချီမည်ဟု စီစဉ်ထားကြောင်းသိရပါတယ် ။

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Powered by Blogger